Skip to Content

Los Angeles ကောင်တီတွင် စာတိုက်မှမဲပေးခြင်း

Vote by Mail Notices

ဘေးကင်း၍ အဆင်ပြေပြီး ပိုကောင်းသော မဲပေးရွေးချယ်မှု

Los Angeles ကောင်တီရှိ မှတ်ပုံတင်ထားသည့် မဲပေးသူများအားလုံးကို စာတိုက်မှမဲပေးသည့် မဲပေးလွှာ ပေးပို့မည်ဖြစ်သည်။ သင်၏ စာတိုက်မှမဲပေးသည့် မဲပေးလွှာကို ပြန်ပို့ခြင်းဖြင့် သင်၏အိမ်တွင် ‌ဘေးကင်းစွာ မဲပေးပါ။

စာတိုက်မှမဲပေးသည့် မဲပေးလွှာများကို ရွေးကောက်ပွဲနေ့မတိုင်မီ 29 ရက်ထက် နောက်မကျဘဲ စာတိုက်မှ ပေးပို့ပါသည်။


သင်၏ မဲပေးလွှာကို ဘယ်လို ပြန်ပို့ရမလဲ

သင်၏ မဲပေးလွှာကို ပြန်ပို့ရန် ရွေးချယ်စရာ အမျိုးမျိုး ရှိပါသည်-

အကယ်၍ သင်၏ မဲပေးလွှာကို ရွေးကောက်ပွဲနေ့တွင် စာတိုက်တံဆိပ် ရိုက်နှိပ်ထားပြီး ကျွန်ုပ်တို့၏ ဌာနမှ 7 ရက်အတွင်း (EC, § 3020(b).) လက်ခံရရှိပါက ကျွန်ုပ်တို့သည် အဆိုပါမဲကို စစ်ဆေးပြီး ရေတွက်မည်ဖြစ်သည်။

ဒေါင်းလုဒ်လုပ်ပြီး သင်၏ အသိုင်းအဝိုင်းကို မျှဝေပါ - သင်၏ စာတိုက်မှမဲပေးသည့် မဲပေးလွှာကို မည်သို့ ပြန်ပို့ရမည်နည်း


သင်၏ မဲပေးလွှာကို မည်သို့ ခြေရာခံရမည်နည်း။

ကျွန်ုပ်၏ မဲပေးလွှာ ဘယ်နေရာရောက်နေသလဲကို (Where's My Ballot) စာရင်းသွင်းခြင်းဖြင့် သင်၏ စာတိုက်မှမဲပေးသည့် မဲပေးလွှာအကြောင်း စာသား မက်ဆေ့ခ်ျများ၊ အီးမေးလ်များ နှင့်/သို့မဟုတ် အလိုအလျောက် အသံသတင်း အချက်အလက်များကို လက်ခံရယူပါ။ ဤအရာသည် မှတ်ပုံတင်ထားသည့် မဲပေးသူများအားလုံးအတွက် အခမဲ့ဝန်ဆောင်မှုဖြစ်ပြီး သင်၏ မဲပေးလွှာ ဘယ်နေရာရောက်နေသလဲနှင့် မည်သည့်အချိန်တွင် လက်ခံရရှိရန် သင်မျှော်လင့်နိုင်သော အချက်အလက်များကို ပေးပို့ပါသည်။

ကျွန်ုပ်၏ မဲပေးလွှာ ဘယ်နေရာရောက်နေသလဲကို (WHERE'S MY BALLOT) စာရင်းသွင်းပါ


သင်၏ မဲပေးလွှာကို လက်ခံရရှိသလားနှင့် ရေတွက်ခြင်းရှိမရှိ စစ်ဆေးပါ

စာတိုက်မှမဲပေးခြင်း အခြေအနေ ကိရိယာ (Vote by Mail Status Tool) မှတစ်ဆင့် မဲပေးသူများသည် သူတို့၏ မဲပေးလွှာကို လက်ခံရရှိကြောင်းနှင့် ရေတွက်ခဲ့ကြောင်း အတည်ပြုနိုင်သည်


တခြားဘာသာစကားဖြင့် မဲပေးလွှာကို တောင်းဆိုပါ

L.A. ကောင်တီသည် ဘာသာစကား 18 မျိုးအထိ ဘာသာစကား အပြည့်အဝ ဝန်ဆောင်မှု နှင့်/သို့မဟုတ် အကူအညီကို ပံ့ပိုးပေးပါသည်။

အခြားဘာသာစကားဖြင့် သင်၏ မဲပေးလွှာ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများကို တောင်းဆိုရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ဘာသာစကားမျိုးစုံ ဝန်ဆောင်မှုကဏ္ 800-815-2666 ရွေးချယ်မှု 3 ကို ဖုန်းခေါ်ဆိုပါ။


လက်မှတ် အတည်ပြုမှု ထုတ်ပြန်ချက်

သင်၏ လက်မှတ်သည် နှစ်တွေကြာလာတာနဲ့အမျှ ပြောင်းလဲနိုင်သည်ဆိုတာကို ကျွန်ုပ်တို့ နားလည်ပါတယ်။ အကယ်၍ သင်၏ စာတိုက်မှမဲပေးသည့် မဲပေးလွှာ ပြန်ပေးစာအိတ်‌တွင်ပါရှိသော လက်မှတ်သည် ကျွန်ုပ်တို့၏ မဲပေးသူ မှတ်ပုံတင်မှတ်တမ်း အချက်အလက်များနှင့် မကိုက်ညီပါက ကျွန်ုပ်တို့သည် သင့်ကို စာဖြင့်အကြောင်းကြားပြီး လက်မှတ် အတည်ပြုမှု ထုတ်ပြန်ချက်ကို ဖြည့်စွက်၍ ပြန်ပို့ရန် တောင်းဆိုပါမည်။

သင်သည် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် မဲပေးလွှာကို လုပ်ဆောင်ရန် သင်၏လက်မှတ် လိုအပ်ပါသည်။


သင်၏ စာတိုက်မှမဲပေးသည့် မဲပေးလွှာ စာအိတ်ကို လက်မှတ်ထိုးရန် မေ့သွားပါသလား။

အကယ်၍ သင်သည် ပြန်ပို့စာအိတ်ကို လက်မှတ်မထိုးဘဲ သင်၏ စာတိုက်မှမဲပေးသည့် မဲပေးလွှာကို ပြန်ပို့ပါက၊ ကျွန်ုပ်တို့သည် သင်၏လက်မှတ်ကို တောင်းဆိုရန်အတွက် "လက်မှတ်ထိုးမထားသော ဆန္ဒမဲပေးလွှာ ထုတ်ပြန်ချက်" ဟုခေါ်သော စာရွက်စာတမ်းကို စာတိုက်မှ ပေးပို့ပါမည်။

သင်သည် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် မဲပေးလွှာကို လုပ်ဆောင်ရန် သင်၏လက်မှတ် လိုအပ်ပါသည်။

Icon - Close