Skip to Content

နောက်ထပ် သတင်းအချက်အလက်များ

မဲဆန္ဒရှင်၏ မှတ်ပုံတင်ခြင်း ကျမ်းကျိန်လွှာကို ဖြည့်စွက်စဥ် သူ သို့မဟုတ် သူမ ပေးခဲ့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခွင့်ပြုချက်ဖြင့် အသုံးပြုခြင်းအကြောင်း မဲဆန္ဒရှင်တစ်ဦးအား အပြည့်အစုံ အသိပေးရန် ဥပဒေပြုလွှတ်တော်၏ ရည်ရွယ်ချက်ဖြစ်သည်။ (ELEC § 2157.1 ကိုကြည့်ပါ)

သင့်မဲရုံတည်နေရာနှင့် မဲစာရင်းတွင် ပေါ်လာမည့် ကိုယ်စားလှယ်လောင်းများကဲ့သို့သော မဲပေးမှုလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အချက်အလက်များကို သင့်ထံပေးပို့ရန်အတွက် သင်၏မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း ကျမ်းကျိန်လွှာပါ အချက်အလက်များကို ရွေးကောက်ပွဲတာဝန်ရှိသူများက အသုံးပြုမည်ဖြစ်သည်။ မဲဆန္ဒရှင် မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို စီးပွားရေးအရ အသုံးပြုခြင်းကို ဥပဒေအရ တားမြစ်ထားပြီး ရာဇ၀တ်မှုဖြစ်သည်။ ပြည်နယ် အတွင်းရေးမှူးမှ ဆုံးဖြတ်သည့်အတိုင်း ရွေးကောက်ပွဲ၊ ပညာရှင်၊ စာနယ်ဇင်း ၊ နိုင်ငံရေး သို့မဟုတ် အစိုးရဆိုင်ရာ ရည်ရွယ်ချက်များအတွက် မဲဆန္ဒရှင်အချက်အလက်များကို ကိုယ်စားလှယ်လောင်းတစ်ဦး၊ မဲဆန္ဒပေးရေးကော်မတီ သို့မဟုတ် အခြားပုဂ္ဂိုလ်များအား ပေးအပ်နိုင်ပါသည်။ ယာဉ်မောင်းလိုင်စင်နှင့် လူမှုလုံခြုံရေးနံပါတ်များ သို့မဟုတ် သင်၏မဲဆန္ဒရှင်မှတ်ပုံတင်ကတ်တွင် ပြထားသည့် သင်၏လက်မှတ်ကို ဤရည်ရွယ်ချက်များအတွက် ထုတ်ပြန်၍မရပါ။ အကယ်၍ သင်သည် မဲဆန္ဒရှင်အချက်အလက်အသုံးပြုမှုနှင့်ပတ်သက်ပြီး မေးစရာများရှိပါက သို့မဟုတ် အဆိုပါအချက်အလက်များကို အလွဲသုံးစားလုပ်သည်ဟု သံသယရှိပါက ပြည်နယ်အတွင်းရေးမှူး၏ မဲဆန္ဒရှင်ကာကွယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ဟော့လိုင်းကို ကျေးဇူးပြု ၍ ခေါ်ဆိုပါ။ (800) 345-VOTE.

အသက်ခြိမ်းခြောက်ခံရသော အခြေအနေများ ရင်ဆိုင်နေရသော အချို့ မဲဆန္ဒရှင်များသည် လျှို့ဝှက်မဲပေးသူ အနေအထား အတွက် အရည်အချင်း ပြည့်မီနိုင်သည် ။ ထပ်ဆင့် အချက်အလက်များအတွက် ပြည်နယ်အတွင်းရေးမှူး၏ အိမ်တွင်ဘေးကင်းလုံခြုံမှု စီမံချက်ကို ကျေးဇူးပြု၍ ဆက်သွယ်ပါ ။ (ELEC § 2157.2 ကိုရှု။)

Icon - Close